.............လူတိုင်း.....လူတိုင်း....အမေတိုင်း၏ မေတ္တာတရား.....ကျေးဇူးတရားတို့ကို နားလည်နိုင်ကြပါစေ.............

Monday, April 21, 2008

မေမေသို့ ..... (၄)

ချိုအိမွေးကြိုင်
ထုံသင်းမြိုင်တဲ့
မာယာပန်းကမ္ဘာထဲ
သား..........
လမ်းပျောက်နေပြီ မေမေ..........။
အချစ်ဆိုတဲ့ ပန်းကို
ကိုက်ချီ ပျံသန်းနေတဲ့
တောင်ပံတစ်စုံအတွက်
နားခိုစရာ
ကျောက်တောင်တွေထက်မှာ
သားဘဝလည်း
ခက်ထန်နေရပြီ မေမေ..........။

ကယ်တင်သူမဲ့နေတဲ့
လမ်းမထက်မှာ
မေ့မေ့ချော့သိပ်တေးကို
တောင့်တမိပါတယ်...........
ပုခက်ထဲက ကောင်လေးနဲ့
လောက ပင်လယ်ပြင်ထဲက ကောင်လေးကို
အတူတူပဲ မြင်နေတုံန်းလား မေမေရယ်..........။

မေမေ....မေမေ......
လျှောက်လှမ်းဖို့ ဖိနပ်တစ်စုံ
အပ်နှင်းခဲ့ပေမယ့်
သား ..ခါးကြားထိုးမိခဲ့တယ်.......
ထီးတစ်ချောင်းနဲ့
မလုံလောက်တဲ့ သားဘဝကို
မေမေပေးတဲ့ ဖိနပ်တစ်စုံက
ရယ်မောသံတွေ ထွက်နေပြီ မေမေ........။

0 Comments:

Post a Comment