.............လူတိုင်း.....လူတိုင်း....အမေတိုင်း၏ မေတ္တာတရား.....ကျေးဇူးတရားတို့ကို နားလည်နိုင်ကြပါစေ.............

Thursday, April 17, 2008

မေမေသို့.......(၁)

ဒီလောကရဲ့ ခက်ခဲတဲ့
တိုက်ပွဲတွေကြားထဲမှာ
သားဘယ်အချိန်ထိ
ရင်ဆိုင်ရဦးမလဲ မေမေ..........။

စစ်သူကြီးမဟုတ်ပေမယ့်
စစ်သားဖြစ်တဲ့ ကျွန်တော်
ဘဝတိုက်ပွဲတွေကိုတော့
ရင်မဆိုင်တတ်သေးဘူး..............။

အမေပေးတဲ့ အလင်းရောင်က
သားအတွက်လုံလောက်ခဲ့ပါပြီ........
ဒါပေမယ့်.....
လေတိုက်တိုင်း မျောပါနေတဲ့
ဂျစ်ပစီလို လွင့်မျောရင်း
လောကရဲ့ မီးအိမ်ရှင်ဆီမှာ
မပြီးဆုံးနိုင်တဲ့
အိပ်မက်တွေဆက်မက်ပါရစေ...........။

ပဲ့ကိုင်ရှင်မရှိတဲ့ ကျွန်တော့်ဘဝမှာ
အနာဂတ်တွေ ရှိလာတဲ့တစ်နေ့
မေမေ့ဆီ ပြန်လာခဲ့ပါရစေ.................။

0 Comments:

Post a Comment