.............လူတိုင်း.....လူတိုင်း....အမေတိုင်း၏ မေတ္တာတရား.....ကျေးဇူးတရားတို့ကို နားလည်နိုင်ကြပါစေ.............

Thursday, April 17, 2008

မေမေသို့.......(၃)

မေမေရေ........ဘ၀တွေက
အချိုး ကျပေမဲ့ ဆန္ဒတွေက
ချို့ ငဲ့ နေဆဲပါမေမေ ။

ဒုက္ခမိုင်တိုင်တွေ တရိပ်ရိပ်နဲ့
ဝါးမျိုခဲ့တာတောင်မှ
သားဘ၀ လမ်းတွေက ရှည်လျားလွန်းတယ် ။

ဟန်ဆောင်မျက်နှာဖုံးနဲ့
သံယောင်ပြုံးသူတွေ ......
ဂရုဏာမျက်လုံးနဲ့
လက်သီးပုံးထိုးသူတွေ .......ကြား
ဝေဒနာတွေကို ဒေသနာတွေနဲ့ ဖြေနေပါတယ် ။

ပကာသန မိုးရေတွေကြား
သားနှလုံးသားအဖျားဝင်နေတယ် အမေ....။

အမေချပေးတဲ့ လမ်းမ ရည်မှန်းချက်လှပေမဲ့..
ပေးဆပ်ရမှုတွေက များလှပါတယ်အမေ..။

အမေပို့ပေးတဲ့ ချွေးနှဲစာသား
တစ်နေ့ကျရင်ပြန်ဆပ်မှာပါ အမေ။

အမေ့ အသိုက်မြုံ လုံခြုံပေမဲ့...
ဆန္ဒတွေအတွက် မဖူလုံဘူး ။

သား မြို့လေးကို လွမ်းနေပေမဲ့
ခြေစုံကန် ပြီးမှ လွမ်း ပြ မနေချင်တော့ ဘူး ။

အ ပျံ သင် စ ငှက် တစ် ကောင်
မြင့် မိုရ် ထိအောင် ပျံ ပါ ရ စေ ။

ဘ၀ ကို စိန် ခေါ်..........
သင် ခန်း စာ တွေ မှာ ပျော် ပါ ရ စေ ။

အိပ် မက် တွေ ပွင့် ဝေ တဲ့ နေ့
မေ မေ နဲ့ တစ် သက် လုံး တွေ့ မယ် ။

ခုတော့............
မျှော် လင့် ခြင်း တွေ အား လုံး အ တွက်
သား ကို သား အ ရောင် တင် နေ ဆဲ ပါ မေမေ.....။

0 Comments:

Post a Comment