Monday, May 5, 2008
သံသယမျက်လုံးတွေရဲ့
နှင်းမုန်တိုင်းတွေကြားမှာ
ဘဝရထားကြီးပေါ်က
သစ်ရွက်တစ်ရွက်
ဘူတာပျောက်နေခဲ့ပါပြီ……..
ချော့သိပ်ပုံပြင်တွေထဲမှာ
သူရဲကောင်းတွေ
ဘာလို့မပါခဲ့ရတာလဲ
မေမေရယ်………။
မေမေပေးခဲ့တဲ့
မီးသီးတစ်လုံးက
နှင်းခွဲမီးသီး……….
ကျွန်တော်ရွာခဲ့တဲ့မိုးက
မျက်ရည်မိုး………
လောကကြီးရဲ့ တိုက်ခာတ်မူက
လေပူတွေ………
ကံတရားရဲ့ အဆုံးအဖြတ်က
အရူံးသမားတဲ့……..။
လမ်းကြမ်းတိုင်းကို မေမေမပါပဲ
မလျှောက်တတ်တဲ့ ကျွန်တော်
အခုလည်း မေမေနဲ့
ဝေးရာအရပ်မှာ အိပ်နေလေရဲ့…….။
1 Comment:
-
- nyiyekhaung said...
May 11, 2008 at 4:58 AMအမေ ကိုချစ်တဲ့သား ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေ
Subscribe to:
Post Comments (Atom)