Monday, April 21, 2008
ချိုအိမွေးကြိုင်
ထုံသင်းမြိုင်တဲ့
မာယာပန်းကမ္ဘာထဲ
သား..........
လမ်းပျောက်နေပြီ မေမေ..........။
အချစ်ဆိုတဲ့ ပန်းကို
ကိုက်ချီ ပျံသန်းနေတဲ့
တောင်ပံတစ်စုံအတွက်
နားခိုစရာ
ကျောက်တောင်တွေထက်မှာ
သားဘဝလည်း
ခက်ထန်နေရပြီ မေမေ..........။
ကယ်တင်သူမဲ့နေတဲ့
လမ်းမထက်မှာ
မေ့မေ့ချော့သိပ်တေးကို
တောင့်တမိပါတယ်...........
ပုခက်ထဲက ကောင်လေးနဲ့
လောက ပင်လယ်ပြင်ထဲက ကောင်လေးကို
အတူတူပဲ မြင်နေတုံန်းလား မေမေရယ်..........။
မေမေ....မေမေ......
လျှောက်လှမ်းဖို့ ဖိနပ်တစ်စုံ
အပ်နှင်းခဲ့ပေမယ့်
သား ..ခါးကြားထိုးမိခဲ့တယ်.......
ထီးတစ်ချောင်းနဲ့
မလုံလောက်တဲ့ သားဘဝကို
မေမေပေးတဲ့ ဖိနပ်တစ်စုံက
ရယ်မောသံတွေ ထွက်နေပြီ မေမေ........။
Thursday, April 17, 2008
လေးနဲ့ မြှားဟာ
ခြောင်းမြောင်းပစ်ခာတ်ဖို့
တီထွင်ခဲ့တာပဲ.....
လူတွေရဲ့ မျက်လုံးများက လေးလိုမြှားလို.......။
ကျွန်တော် ဆိုနေကျ သီချင်းက
အချစ်ရေးအဆင်မပြေခဲ့ဘူး....
ထွေးထုတ်ခဲ့တဲ့ တံတွေးများကတော့
အဆင်ပြေနေကြပါတယ်.......
ဒိုင်ယာရီထဲ ကြေမွခဲ့
အိပ်မက်များနဲ့
နှလုံးသားရဲ့ အကြည့်ဓာတ်တစ်ခု
ဟင်္သာမလေး မရှိတော့တဲ့အခါ
တံခါးရွက်က ပတ္တာတွေ ဖြုတ်ပစ်မယ်.........။
မေမေရေ........
ပြောင်းဖူးစေ့ လက်တစ်ဆုပ်
ပက်ကျဲချလိုက်တာနဲ့
ခိုတွေ အုပ်ဖွဲ့ပြိုကျလာတာ
ကျွန်တော် ဝမ်းနည်းတယ်....
ဘဝဆိုတာ အဲ့လိုကြီးလို့ထင်မှ မထားခဲ့တာ.......။ ။
M-----------is for the million things she gave me......
-------------မိုးမြေမက ဖိုးတန်လှသည့် သူမ ပေးကမ်းခဲ့သော အရာများ......
O-----------means only that she's growing old.......
-------------ပြုစုကျွေးမွေး မေတ္တာပေးရင်း သူမအိုမင်းလာခဲ့ပြီ........
T-----------is for the tears she shed to save me.......
------------ရင်သွေးအတွက် သောကယှက်လို့ သူမမျက်ရည်ကျခဲ့သည်........
H----------is for her heart of purest gold......
------------ပြစ်နာဆာကင်း ရွှေအဆင်းနှယ် နှလုံးလှပတင့်တယ်သည်.........
E-----------is for her eyes with love-light shining.........
------------ယုယကြင်နာ မေတ္တာရည်နှင့် သူမမျက်လုံးရွှန်းလဲ့သည်...........
R----------means right and right shell's allways be........
------------ဘယ်အခါမှ မှားသည်မရှိ သူမအမြဲ မှန်ကန်သည်...........
မေမေရေ........ဘ၀တွေက
အချိုး ကျပေမဲ့ ဆန္ဒတွေက
ချို့ ငဲ့ နေဆဲပါမေမေ ။
ဒုက္ခမိုင်တိုင်တွေ တရိပ်ရိပ်နဲ့
ဝါးမျိုခဲ့တာတောင်မှ
သားဘ၀ လမ်းတွေက ရှည်လျားလွန်းတယ် ။
ဟန်ဆောင်မျက်နှာဖုံးနဲ့
သံယောင်ပြုံးသူတွေ ......
ဂရုဏာမျက်လုံးနဲ့
လက်သီးပုံးထိုးသူတွေ .......ကြား
ဝေဒနာတွေကို ဒေသနာတွေနဲ့ ဖြေနေပါတယ် ။
ပကာသန မိုးရေတွေကြား
သားနှလုံးသားအဖျားဝင်နေတယ် အမေ....။
အမေချပေးတဲ့ လမ်းမ ရည်မှန်းချက်လှပေမဲ့..
ပေးဆပ်ရမှုတွေက များလှပါတယ်အမေ..။
အမေပို့ပေးတဲ့ ချွေးနှဲစာသား
တစ်နေ့ကျရင်ပြန်ဆပ်မှာပါ အမေ။
အမေ့ အသိုက်မြုံ လုံခြုံပေမဲ့...
ဆန္ဒတွေအတွက် မဖူလုံဘူး ။
သား မြို့လေးကို လွမ်းနေပေမဲ့
ခြေစုံကန် ပြီးမှ လွမ်း ပြ မနေချင်တော့ ဘူး ။
အ ပျံ သင် စ ငှက် တစ် ကောင်
မြင့် မိုရ် ထိအောင် ပျံ ပါ ရ စေ ။
ဘ၀ ကို စိန် ခေါ်..........
သင် ခန်း စာ တွေ မှာ ပျော် ပါ ရ စေ ။
အိပ် မက် တွေ ပွင့် ဝေ တဲ့ နေ့
မေ မေ နဲ့ တစ် သက် လုံး တွေ့ မယ် ။
ခုတော့............
မျှော် လင့် ခြင်း တွေ အား လုံး အ တွက်
သား ကို သား အ ရောင် တင် နေ ဆဲ ပါ မေမေ.....။
မေတ္တာပန်းတွေ ပွင့်လန်းနေတဲ့
မေမေရှိတဲ့ မြို့လေးရယ်.........
သားလွမ်းဆွတ်လည်း အိပ်မက်ပဲမို့
အစဉ်သတိရတမ်းတမိပါတယ်...........။
စမ်းရေကြည်နှယ် အေးမြနေတဲ့
အပြုံးတွေနဲ့ မေမေ့မျက်နှာလေးရယ်.......
သားကန်တော့ချင်လည်း အိပ်မက်ပဲမို့
အစဉ်သတိရ ညစဉ်ညတိုင်း
ရှိခိုးကန်တော့မိပါတယ်...............။
ဆပ်လို့မကုန်အောင် ကြီးမားလှတဲ့
မေမေ့ကျေးဇူး အနန္တရယ်.........
သားဆပ်ချင်လည်း အိပ်မက်ပဲမို့
မေမေဂုဏ်ယူ ကျေနပ်နေမယ့်
လောကလမ်းကို သားဆက်လျှောက်နေဦးမှာပါ.......။
သြော်.....မေမေ......မေမေ
လောကရဲ့ လမ်းမပေါ်မှာ
တစ်ခါချောလဲတိုင်း
တမ်းတမိတာခဏခဏပါပဲ.............။
ခလုတ်တိုက်တိုင်း မငိုတော့ပေမယ့်
ငယ်ငယ်တုံးကလိုပဲ မေတ္တာတေးသံတွေနဲ့
ချော့မြူနေဦးမှာလား.......မေမေ....။
ဒီလောကရဲ့ ခက်ခဲတဲ့
တိုက်ပွဲတွေကြားထဲမှာ
သားဘယ်အချိန်ထိ
ရင်ဆိုင်ရဦးမလဲ မေမေ..........။
စစ်သူကြီးမဟုတ်ပေမယ့်
စစ်သားဖြစ်တဲ့ ကျွန်တော်
ဘဝတိုက်ပွဲတွေကိုတော့
ရင်မဆိုင်တတ်သေးဘူး..............။
အမေပေးတဲ့ အလင်းရောင်က
သားအတွက်လုံလောက်ခဲ့ပါပြီ........
ဒါပေမယ့်.....
လေတိုက်တိုင်း မျောပါနေတဲ့
ဂျစ်ပစီလို လွင့်မျောရင်း
လောကရဲ့ မီးအိမ်ရှင်ဆီမှာ
မပြီးဆုံးနိုင်တဲ့
အိပ်မက်တွေဆက်မက်ပါရစေ...........။
ပဲ့ကိုင်ရှင်မရှိတဲ့ ကျွန်တော့်ဘဝမှာ
အနာဂတ်တွေ ရှိလာတဲ့တစ်နေ့
မေမေ့ဆီ ပြန်လာခဲ့ပါရစေ.................။