Sunday, May 11, 2008
အိမ်ကိုပြန်ခေါ်နေတဲ့
မေမေ့အသံတွေကြားထဲက
အချိန်မတန်သေးတဲ့
တောင်ပံတစ်စုံနဲ့
စိန်ခေါ်သံတွေကို
ရင်ဆိုင်ခဲ့မိလို့.....
အိမ်ပြန်ချိန်ဆိုတာ
ပျောက်သွားခဲ့ပြန်ပါပြီ........
ဘဝသူရဲကောင်းတွေရဲ့
ပုရပိုက်ထဲမှာ......
သားရာဇဝင်ကို မော်ကွန်းထိုးနိုင်မယ့်
နေ့ကိုလျှောက်လှမ်းရင်း
ချော်လဲပြန်ပြီ မေမေရေ......
ကယ်တင်သူကို မမျှော်လင့်ဘူး
မေမေ့ပန်းခင်းကို တမ်းတမိတယ်....
အိမ်မက်တွေနဲ့ ပင်ပန်းနေတဲ့
သားကို.....
မေမေ့ပန်းခင်းထက်မှာ
မှေးစက်ဖူးပွင့်ခွင့်ပြုလှည့်ပါ.....
အိပ်မပျော်တဲ့ သားညတွေမှာ
မေမေ့တေးသံက အားဆေးတစ်ခွက်ပေါ့...
နောင်တတွေနဲ့ မကြေကွဲဘူး
ချော့သိပ်တေးတွေကို နှမျောတယ်.....
မိုးချိမ်းသံတွေကြားထဲမှာ
ငိုသံတွေနဲ့ ......
မိုးမှောင်ချိန်တွေကြားထဲမှာ
ရယ်သံတွေနဲ့.......
မိုးသည်းချိန်တွေကြားထဲမှာ
အော်ဟစ်သံတွေနဲ့.....
ရောင်စဉ်မရှိတဲ့ ကောင်းကင်ထက်မှာ
မှောင်မိုက်နေတဲ့ အိပ်မက်တွေနဲ့
မိုးဖွဲချိန်မှာ မွေးခဲ့တဲ့
မေမေ့ရဲ့ လူဆိုးလေး
ဖြစ်တည်မူတစ်ခုနဲ့ ဆက်မိုက်ပါရစေ......မေမေ။
Monday, May 5, 2008
မျက်ရည်……မျက်ရည်……
အဖေ့ရဲ့ ထာဝရနူတ်ဆက်မူ
ဘဝရဲ့ လေပြင်းတိုက်ခာတ်ချိန်မှာ
စတေးခဲ့ရတဲ့…….
မေမေ့ရဲ့ ရိုက်သံတွေ……..
ကောင်းကင်မှာ နေမင်းမရှိတော့
လတောင်ထွက်မလာတော့ပါဘူး……..
လှောင်ရယ်သံတွေကြားထဲမှာ
သီတာရေကြည်တစ်ပေါက်မက
ပေးဆပ်ခြင်းတွေနဲ့
မေမေ့ရဲ့ နေမင်းက
သား…………..။
လိုင်းကြမ်းတွေ ကြားထဲမှာ
လှော်ခတ်နေတာက
မေမေ……..။
ဝေးကွာမူတစ်ခုရဲ့ နောက်မှာ
ပြန်ဆုံမယ့်နေ့စွဲတွေ
ပျောက်ခဲ့ရပြီလား မေမေရယ်……..။
မေမေရှိတဲ့ မြို့ပြမှာ
ကြယ်ပျောက်နေပါစေ…….
ကျွန်တော့်အတွက် အိမ်ပြန်လမ်းက
ခွင့်လွှတ်နေဆဲ မေမေ့ရင်ခွင်ဆီ………..။
သံသယမျက်လုံးတွေရဲ့
နှင်းမုန်တိုင်းတွေကြားမှာ
ဘဝရထားကြီးပေါ်က
သစ်ရွက်တစ်ရွက်
ဘူတာပျောက်နေခဲ့ပါပြီ……..
ချော့သိပ်ပုံပြင်တွေထဲမှာ
သူရဲကောင်းတွေ
ဘာလို့မပါခဲ့ရတာလဲ
မေမေရယ်………။
မေမေပေးခဲ့တဲ့
မီးသီးတစ်လုံးက
နှင်းခွဲမီးသီး……….
ကျွန်တော်ရွာခဲ့တဲ့မိုးက
မျက်ရည်မိုး………
လောကကြီးရဲ့ တိုက်ခာတ်မူက
လေပူတွေ………
ကံတရားရဲ့ အဆုံးအဖြတ်က
အရူံးသမားတဲ့……..။
လမ်းကြမ်းတိုင်းကို မေမေမပါပဲ
မလျှောက်တတ်တဲ့ ကျွန်တော်
အခုလည်း မေမေနဲ့
ဝေးရာအရပ်မှာ အိပ်နေလေရဲ့…….။